E Guard Environmental Services

Power China Chengdu Engineering Corporation Limited (PCC) နှင့် Golden Sun International Co., Ltd. (GSI) တို့မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် “ကမ်းလွန်လေအားလျှပ်စစ်စီမံကိန်း (အဆင့် (၁) ၅ဝ၆ မဂ္ဂါဝပ် နှင့် အဆင့် (၂) ၅ဝဝ မဂ္ဂါဝပ်)” စီမံကိန်းလုပ်ငန်း

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် Power China Chengdu Engineering Corporation Limited (PCC) နှင့် Golden Sun International Co., Ltd. (GSI) တို့မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် “ကမ်းလွန်လေအားလျှပ်စစ်စီမံကိန်း (အဆင့် (၁) ၅ဝ၆ မဂ္ဂါဝပ် နှင့် အဆင့် (၂) ၅ဝဝ မဂ္ဂါဝပ်)” စီမံကိန်းလုပ်ငန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်း) (Scoping Process) နှင့် ပတ်သက်၍   ရှင်းလင်းတင်ပြခြင်း၊ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း နှင့် အများပြည်သူ၏ သဘောထားရယူခြင်း အခမ်းအနား (Stakeholders Meeting) သို့ တက်ရောက် ပေးနိုင်ပါရန် ဖိတ်ကြား အပ်ပါသည်။
ရက်စွဲ။    ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ (၁၄) ရက်၊ ဗုဒ္ဓဟူးနေ့
    ။ ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၃) ရက်
အချိန်    ။ နံနက်  ၉:၃၀ နာရီ မှ ၁၁:၃၀ နာရီအထိ၊
နေရာ    ။ ရှမ်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၊ ကျောက်တန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
အချိန်    ။ နေ့လည်  ၁:၃၀ နာရီ မှ ၃:၃၀ နာရီအထိ၊
နေရာ    ။ ဘိုးဘကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၊ ကျောက်တန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ရက်စွဲ။    ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ (၁၅) ရက်၊ ကြာသပတေးနေ့
    ။ ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၄) ရက်
အချိန်    ။ နံနက်  ၁၀:၃၀ နာရီ မှ ၁၂:၃၀ နာရီအထိ၊
နေရာ    ။ ရွှေပြည်သစ်ကျေးရွာ ဘုန်းကြီးကျောင်း ကျောက်တန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ရက်စွဲ။    ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ (၁၉ ) ရက်၊ တနင်္လာနေ့
    ။ ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၈) ရက်
အချိန်    ။ နံနက်  ၁၀:၀၀ နာရီ မှ ၁၂:၀၀ နာရီအထိ၊
နေရာ    ။ အေးမြကြည်သာကျောင်းဆောင်၊ ပါဒကြီး ပရိယတ္တိစာသင်တိုက်၊ ကျောက်တန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

Powered by Drupal