
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ စီမံကွပ်ကဲမှုဖြင့် ပူးပေါင်းအကောင်အထည် ဖော် ဆောင်ရွက်မည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ရွာသာကြီးဇုန်(D) မှ အကောင် အထည်ဖော်ဆောင်ရွက်မည့် (မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ဇုန်(၁)၊ ဇုန်(၂) နှင့် ဇုန်(၃) စီးပွားရေး အဆောက်အအုံများ၊ လုံးချင်းအဆောက်အဦများနှင့် အထပ်မြင့်အဆောက်အဦများ တည်ဆောက်ရောင်းချငှားရမ်း ခြင်း) စီမံကိန်းလုပ်ငန်းများ အတွက် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment, EIA) လုပ်ငန်းစဉ်၏ ကနဦးအဆင့် နယ်ပယ် တိုင်းတာ သတ်မှတ်ခြင်း (Scoping Stage) နှင့် ပတ်သက်၍ စီမံကိန်းအကြောင်းအရာ ရှင်းလင်းတင်ပြခြင်း၊ အများပြည်သူ နှင့် တိုင်ပင် ဆွေးနွေးခြင်း နှင့် အများပြည်သူ၏ သဘောထားရယူခြင်း အခမ်းအနား (Stakeholders Meeting) သို့ တက်ရောက် ပေးနိုင်ပါရန် ဖိတ်ကြား အပ်ပါသည်။
ရက်စွဲ။ ။ (၂၀၂၆) ခုနှစ်၊ စက်တင်ဘာလ၊ ( ၁ ) ရက်၊ အင်္ဂါနေ့။
(၁၃၈၈) ခု၊ ဝါခေါင်လဆုတ် (၄) ရက်။
အချိန် ။ နံနက် ၁၀:၀၀ နာရီ မှ ၁၂:၀၀ နာရီအထိ။
နေရာ ။ သုခဒဂုံ(ပြည်သူ့အငှားအိမ်ရာ)အစည်းအဝေးခန်းမ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
