E Guard Environmental Services

တံတားဦးဒေသဖွံ့ဖြိုးရေးစီမံကိန်း၏ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာနှင့်ပတ်သက်၍ စီမံကိန်းဆိုင်ရာ အကြောင်းအရာများ ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူသဘောထားရယူခြင်းအခမ်းအနား

Myanma Tourism Development Public Co., Ltd. မှ မန္တလေးတိုင်းဒေသကြီး၊တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တံတားဦးဒေသဖွံ့ဖြိုးရေးစီမံကိန်း (Development and Management of Tada U Area Project) ၏ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment - EIA) အစီရင်ခံစာနှင့်ပတ်သက်၍ စီမံကိန်းဆိုင်ရာ အကြောင်းအရာများ ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူသဘောထားရယူခြင်းအခမ်းအနား (Public Consultation Meeting) သို့ တက်ရောက်ပေးနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

ရက်စွဲ။    ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ (၄) ရက်၊ သောကြာနေ့။
        ။ ၁၃၈၈ ခုနှစ်၊ ဝါခေါင်လဆုတ် (၇) ရက်။
အချိန်    ။ နံနက် ၁၀း၀၀ နာရီ မှ ၁၂း၀၀ နာရီအထိ။ 
နေရာ    ။ တံတားဦးခရိုင်/ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တံတားဦးမြို့နယ်၊     မန္တလေးတိုင်းဒေသကြီး။

Powered by Drupal