E Guard Environmental Services

OUR SERVICES

E Guard Environmental Services Co., Ltd. (အီးဂတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်) သည် ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေး ဝန်ဆောင်မှု လုပ်ငန်းများ (Environmental Consultancy Services) ကို ဆောင်ရွက်မှု ပေးနေသော လွတ်လပ်သော ပတ်ဝန်းကျင်ဆိုင်ရာ တတိယ အဖွဲ့အစည်း တစ်ခု (Independent Third Party Environmental Service Provider) ဖြစ်သည်။

လက်ရှိ ကာလတွင် E Guard မှ ဝန်ဆောင်မှု ပေးလျက်ရှိသော ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများမှာ -

၁။ စီမံကိန်းများ နှင့် ပတ်သက်၍ ပတ်ဝန်းကျင်ဆိုင်ရာဆောင်ရွက်ရန် လိုအပ်ချက် များအား အကြံပြုဆွေးနွေးခြင်း၊

၂။ စီမံကိန်းအဆိုပြုလွှာ ( Project Proposal) ရေးဆွဲပေးခြင်း၊

၃။ နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းအစီရင်ခံစာ (Scoping Report) အပါအဝင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ( Environmental Impact Assessment- EIA Report )၊ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာ (Initial Environmental Examination – IEE Report)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် ( Environmental Management Plan)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ခွဲ ( EMP sub- plan)ရေးဆွဲပေးခြင်း၊

၄။ လူမှုစီးပွားပတ်ဝန်းကျင်ဆိုင်ရာနှင့်ပတ်သက်၍ Resettlement Action Plan Rehabilitation Plan ရေးဆွဲခြင်း၊

၅။ မဟာဗျူဟာမြောက်ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်း (Strategic Environmental Assessment – SEA) ဆောင်ရွက်ခြင်း၊

၆။ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan - EMP) အကောင်အထည်ဖော်ခြင်းစနစ် (Environmental Management System) တည်ဆောက်ခြင်း၊

၇။ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်း အကောင်အထည်ဖေါ် ခြင်းကို စောင့်ကြပ်ကြည့်ရှုခြင်း (Environmental Monitoring) နှင့် အစီရင်ခံစာ (Reporting) ရေးဆွဲပေးခြင်း၊

၈။ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းစစ်ဆေးခြင်း (Environmental Inspection)။

၉။ ပတ်ဝန်းကျင်အစီအမံမရှိခဲ့သော ဆောင်ရွက်ဆဲ ဆောင်ရွက်ပြီး စီမံကိန်းလုပ် ငန်းများအတွက် ပတ်ဝန်းကျင်ဆိုင်ရာစိစစ်မှု (Environmental Audit) ပြုလုပ်ပေးခြင်း၊

၁၀။ ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံ အချက်အလက် (Environmental Baseline Data) များ နမူနာ ကောက်ယူခြင်း (sampling)၊ တိုင်းတာခြင်း (measurements)၊ ဓာတ်ခွဲစမ်းသပ်ခြင်း (laboratory analysis)၊ စာရင်းအင်း ကောက်ယူခြင်း (data collection) နှင့် စစ်တမ်းကောက်ယူခြင်း (surveying)၊

    - Physical: Air, Water, Noise, Vibration, Lighting

    - Biological: Terrestrial Flora and Fauna, Aquatic Flora and Fauna

    - Social: Socio-economic

၁၁။ စီမံကိန်းနှင့်သက်ဆိုင်သူများ နှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း (Project Stakeholder Engagement)၊

၁၂။ လုပ်ငန်းနယ်ပယ်တွင် လူမှုပတ်ဝန်းကျင်နှင့်ပတ်သက်၍ မှန်ကန်ခိုင်မာစွာ ရပ်တည်မှုအား လေ့လာစိစစ်ပေးခြင်း (Due Diligence on Environmental Compliance)၊

၁၃။ ပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းများ (Environmental Trainings) စသည်တို့ ဖြစ်ပါသည်။

လုပ်ငန်း ၏ ထူးခြားသော လိုအပ်ချက်များ အရ သီးသန့်ဖြစ်သော ဝန်ဆောင်မှု လုပ်ငန်း specific services based on distinct requirements များကိုလည်း ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

အထက်ပါလုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အစိုးရဌာနများ၊ နိုင်ငံခြားမှ အထောက်အပံ့ပေးသော အဖွဲ့ အစည်းများ ကို ၂၀၁၃ ခုနှစ် ဇူလိုင်လ မှ စတင်၍ ဝန်ဆောင်မှု ပေးခဲ့ပါသည်။

ထိုသို့ ဝန်ဆောင်မှု ပေးရာတွင် E Guard မှ လုပ်ငန်းအပ်နှံသူအား ပေးသော ဝန်ဆောင်မှု များကို ကောင်းသထက်ကောင်းစေရန် နှင့် ဝန်ဆောင်မှု အရည်အသွေး ကို ထိန်းသိမ်း ထားနိုင်စေရန် “ဝန်ဆောင်မှု အရည်အသွေး စီမံခန့်ခွဲမှု စနစ်” Service Quality Management System (ISO 9001 Certification) ကို 2017, 2019, 2021 တွင် အသီးသီး ရယူခဲ့ပါသည်၊

E Guard အနေဖြင့် 2021 တွင် ISO 9001: 2015 ကို ရယူရာတွင် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု စနစ် Environmental Management System (ISO 14001: 2015 Certification) နှင့် လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေး နှင့် လုပ်ငန်းခွင် လုံခြုံရေး စီမံခန့်ခွဲမှု စနစ် Occupational Health and Safety Management System (ISO 45001:2018) တို့ကိုပါ ထည့်သွင်း ရယူရန် ကြိုးစား ခဲ့ပါသည်၊

ဤကဲ့သို့ ISO လက်မှတ်များ ကို ရယူနိုင်စေရန် E Guard မှ ဝန်ထမ်း အားလုံးသည် မိမိတို့ဆောင်ရွက်ရသည့် လုပ်ငန်းများကို ကောင်းစွာ သိနားလည်ရသလို အခြားသော (ဌာနစိတ်၊ ဌာနခွဲ များမှ) ဝန်ထမ်းများ၏ လုပ်ငန်းများ၊ ရာထူး အဆင့် အလိုက် တာဝန်ယူမှု တာဝန်ခံမှု များ၊ အုပ်ချုပ်မှု အဖွဲ့၏ တာဝန်များ၊ ကုမ္ပဏီ၏ ပေါ်လစီများကို နားလည်၍ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ဖြင့် လုပ်ငန်းကို အောင်မြင် ချောမွေ့စွာ ပြီးစီးအောင် ဆောင်ရွက် နိုင်မည် ဖြစ်သည်၊

အဖွဲ့အစည်း၏ အဓိကကျသော အရင်းအမြစ် ဖြစ်သည့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုပ်ငန်းခွင် လုံခြုံရေး ကို ယခု တွေ့ကြုံနေရသော ကိုဗစ်ကပ်ရော​ဂါဘေးနှင့် မတည်ငြိမ်သော အရပ်ဒေသများတွင် သွားရောက် လုပ်ကိုင်ရမည့် အခြေအနေ များ အတွက် အထူးပင် အသုံးဝင် သည့် ISO 45001: 2018 စနစ် ကို ထူထောင် ထားရှိပြီး ဖြစ်ပေသည်၊

Powered by Drupal