E Guard Environmental Services

Public Consultation - YUMRT (Mayangone)

 

ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း

 နှင့်ပတ်သက်၍ ပြည်သူလူထုသို့ ဒုတိယအကြိမ် အသိပေးရှင်းလင်းတင်ပြခြင်း

အခမ်းအနား ဖိတ်ကြားခြင်း

၁။         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (MOTC)၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ (YRG) နှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ အတူတကွ ပူးပေါင်း၍ ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း (YUMRT) အပိုင်း (၁) ဖြစ်သည့် အရှေ့-အနောက် ဆက်သွယ်သွားလာနိုင်မည့် ရထားလမ်းကြောင်း (လှိုင်သာယာ-ပါရမီ) လမ်းပိုင်းအရှည် (၁၈) ကီလိုမီတာ (လှိုင်သာယာ ဘူတာမှစတင်ပြီး ရန်ကုန်-ပုသိမ်လမ်းအတိုင်း လှိုင်မြစ်ကိုဖြတ်ကျော်၍ ပါရမီလမ်းအတိုင်း ပါရမီဘူတာအထိ) ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ကနဦးလေ့လာဆန်းစစ်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းစဉ်၊ စီမံကိန်းသက်ရောက်နိုင်မည့် ဧရိယာအတွင်း စစ်တမ်းကောက်ယူခြင်းလုပ်ငန်းစဉ်များ၏ ကနဦး တွေ့ရှိချက်များနှင့် ပတ်သက်၍ ပြည်သူလူထုသို့ ဒုတိယအကြိမ် အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူအားလုံး မည်သူမဆို တက်ရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည် -

မရမ်းကုန်းမြို့နယ်

                 (က)             အခမ်းအနားကျင်းပ                     - (၁၂.၁.၂၀၂၀) ရက်နေ့ (တနင်္ဂနွေနေ့)

                                    ပြုလုပ်မည့်နေ့ရက်

                 (ခ)              အခမ်းအနားကျင်းပ                     - နံနက် (၀၈:၀၀) နာရီမှ နေ့လည် (၁၁:၀၀) နာရီ

                                    ပြုလုပ်မည့်အချိန် 

                 (ဂ)              အခမ်းအနားကျင်းပ                     - အ.ထ.က (၁) မရမ်းကုန်း စန္ဒိမာခန်းမ၊

                                    ပြုလုပ်မည့်နေရာ                         ပေါ်တော်မူဘုရားလမ်း၊ အမှတ် (၂) ရပ်ကွက်၊

                                                                                       မရမ်းကုန်းမြို့နယ် (16.862153° N, 96.117390° E)

Powered by Drupal